Skip to content

Welcome to the official page of Daung’s Music Tour in Australia. This tour is not just about music—it is a powerful journey of art, resistance, and unity. Through his songs and stories, Daung brings attention to the deep pain, courage, and hope of the people of Myanmar. His performances are filled with emotion, truth, and a strong message for justice. Each show is a space where the voices of the oppressed are heard, and the spirit of the revolution is kept alive.

Daung, one of Myanmar’s most beloved actors and a brave voice of the Spring Revolution, is coming to Sydney, Melbourne, and Brisbane. With every performance, he honours those who are fighting for freedom and remembers those who have sacrificed so much. This tour is a call for solidarity, inviting everyone—Myanmar people and international friends—to stand together. Follow this page for updates, tour details, and ways to support the movement through music and action.

မိုးမူ ခေါ်တဲ့ အညာဆန် သင်္ဘောကြီး မင်းလတ်လေ.. သိပြီလား…သူအချစ်နဲ့တော့ မလွမ်းချင်ဘူးနော်….
စာနာတတ်တဲ့ နှလုံးသားရှိတဲ့သူ.. သူရဲ့ မျက်လုံးအကြည့်တွေထဲမှာ ကိုယ်ချင်းစာတတ်တဲ့ အကြည့်ကလေးတွေ…နှလုံးသားလှတဲ့ သူရဲ့ ကြင်နာတတ်မှုလေးတွေကို မိုးမူနဲ့မှ တွေ့ဖူးတာ မဟုတ်ပါဘူးနော်….
မှတ်မိအုံးမလား.. မျှော်နိုင်သမျှတော့ သီချင်းမှာလေ… ကင်မရာ တဖက်က ထိုင်းမလေးကို ကိုယ်ဘာသာကိုယ် အစားထိုးပြီး ရင်ခုန်ခဲ့ရတာပါ၊ အဲဒီကတည်းက အဲဒီအကြည့်တွေကို စွဲလန်းသွားခဲ့တာ…’
အင်းနော်.. ဒါပေမဲ့ အချစ်ကြီး ဒေါသကြီးတဲ့ ယုမော်ကိုတော့ မကြိုက်ဘူး…ယုမော်က “ရက်စက်တယ်….
အာပေတူး ပေတူးတူး ဝုဝုလေး 🐶🐶 ကို ရင်ခွင်ထဲ ပွေ့ပြီး “ထ အုံး.. အိပ်ချင်နေတာလား” ဆိုပြီး နိုးနေတာလေးကတော့ ဝုဝု‌လေးကို ဖယ်ပြီး ကိုယ်ကို ကြင်ကြင်နာနာလေး နိုးတာကို ခံစားချင်ခဲ့တာလေ..
အခုလို နွေဦးမှာဆိုလဲ.. လက်ချိုးရေတွက်လို့ရတဲ့ အနုပညာရှင်တွေထဲမှာ ဟိုး အစကတည်းက ပါဝင်ပြီး ပင်ပန်းခက်ခဲတဲ့ ခရီးရှည်ကြီးမှာ ကိုယ်ယုံကြည်ရာဖက်ကို ရဲရဲဝံ့ဝံ့ အခုထိပါဝင်နေတဲ့…
သူလေ……. ဘယ်သူရှိမလဲ ဒေါင်း DAUNG – ဒေါင်း…❤️❤️💓
ကိုယ်တွေချစ်ရတဲ့ ဒေါင်းက ကိုယ်တွေရှိရာ အော်စီကိုလာမယ်ဆိုတော့.. သူနဲ့ တွေ့ရမှာ တကယ်ကို ရင်ခုန်ရပါတယ်ကွယ်…
အယ်… မေ့တော့မလို..
သူက အော်စီက ချစ်သူတွေဆီကို တမြိုထဲတောင် မဟုတ်ဘူး.. ၃ မြို့မှာ အားရပါးရ ကြီးကို ဖြေဖျော်မှာတဲ့…👏👏
စက်တင်ဘာ ၇ ရက် မှာ မဲလ်ဘုန်း…👏👏
စက်တင်ဘာ ၁၃ ရက် မှာ ဆစ်ဒနီ..👏👏
စက်တင်ဘာ ၂၀ ရက်နေ့မှာ ဘရစ်ဘိန်း….တဲ့..👏👏